
Hoplostethus Atlanticus ဆိုတဲ့ New zealand က ဟိုးပင်လယ်နက်ထဲမှာနေတဲ့ ငါးတစ်မျိုးကလုပ်တဲ့ အဆီနဲ့အဓိကထုတ်ထားတာပါ…

သူ့မှာပါတဲ့ အဆီက လူအသားအရေပေါ်က အဆီဓာတ်နဲ့ အနီးစပ်ဆုံးတူပြီး skin ကို သဘာဝအတိုင်း ပြန်လည်နုပျိုကောင်းမွန်အောင် လုပ်ဆောင်ပေးတာပေါ့နော်…

သူ့ ingredients ကိုသေချာဖတ်ကြည့်တာ မင်မင်ကြက်သီးတောင်ထတယ်… အရမ်းကောင်းပြီး တန်ဖိုးကြီးတဲ့ ingredients ကိုခက်ခက်ခဲခဲရှာဖွေထားတာမို့…

ရလဒ်တွေကလည်းတကယ် ရှယ်ပါဘဲနော်..

ပုံမှန် skin care တွေထက် အရေပြားအောက်ဆုံးလွှာထိစိမ့်ဝင်နိုင်ပြီး skin ပြုပြင်နိုင်စွမ်း အများကြီးပိုသာတာပါ…

ရေဓာတ်ဖြည့်တာကလည်း skin အောက်ဆုံးလွှာအထိ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားတာပါ ( အဲဒါကြောင့် ၁၅-၂၀ မိနစ်လောက်လိမ်းထားရတာပါ)

Sensitive ဖြစ်လွယ် ဝက်ခြံထွက်လွယ်တာတွေသက်သာစေပြီး အဆီပြန်လွန်းတဲ့ အရေပြားကို ရေဓာတ်တွေနဲ့ ထိန်းညှိပေးလိုက်တာပါ…

အညွှန်း


မျက်နာအရင်သစ်ပြီး ရေခြောက်အောင်သုတ်ပေးပါ

ပြီးရင် cream လေးကို မျက်နာပေါ်သုတ်ပေးပြီး brush နဲ့ နေရာအနှံ့ အထူအပါးညီအောင် ညှိပေးပါ

15 မိနစ်နေပြီးရင် မျက်နာပေါ်မှာ ကျန်နေတဲ့ cream တွေကို သာသာလေးသုတ်ပေးပြီး ရေနဲ့ဆေးချလိုက်ပါ ( လိမ်းထားတဲ့ cream တွေ တော်တော်စိမ့်ဝင်သွားပြီး cream က အကြည်ရောင်လေးဖြစ်သွားတာတွေ့ရမှာပါ)

ပြီးရင်တော့ ပုံမှန် skin care step လိမ်းပေးပါနော်…

အညွှန်း

ပုံမှန် skin care night cream ( sleeping mask) အနေနဲ့လိမ်းမယ်ဆိုရင်တော့ ပုံမှန် skin care step နောက်ဆုံးအဆင့်မှာ ပုံမှန် moisturizer လိုလိမ်းပေးပြီးအိပ်လို့ရပါတယ်…

မင်မင်ကတော့ အညွှန်း

အတိုင်း သုံးတာအားပေးပါတယ်နော်… တစ်ပတ် ၂-၃ ခေါက်လောက်သုံးရင် လုံလောက်ပါပြီ…
Reviews
There are no reviews yet.