✅ လာဗန်ဒါပန်းက စိတ်ပင်ပန်းတာတွေလျှော့ချပေးပြီး relax ဖြစ်စေတဲ့အပြင် အိပ်ရေး Quality ကောင်းစေလို့ ( ကောင်းကောင်း အိပ်ပျော်လို့) လူသုံးအရမ်းများပြီး အရမ်းကြိုက်ကြတာပေါ့နော်..
✨ ဘယ်လို သုံးလို့ရလည်းဆိုတော့
✔️ 💥 Massage: body massage နှိပ်နယ်တဲ့အချိန်မှာ massage oil အဖြစ်သုံးလို့ရပါတယ်နော် ( နောက်ကျော, ပုခုံး တွေ စတဲ့ တစ်ကိုယ်လုံး လိုအပ်တဲ့နေရာလိမ်းလို့ရပါတယ်)…
✔️ ရေချိုးတဲ့အချိန် Lavender oil ၅ စက်လောက်ထည့်ပြီး ရေနွေးနဲ့ body ( သို့မဟုတ်) ခြေထောက်ကို ရေစိမ်ပေးရင်လည်း ချက်ချင်း သိသိသာသာ relax ဖြစ်သွားတာပေါ့နော်…
✔️ 💥 ပုံမှန် နားရွက်အနောက်, ဂုတ်, ခေါင်းအုံးတွေပေါ်မှာ တစ်စက်လောက် လိမ်းထားရင်လည်း အနံ့လေးက ပိုအိပ်ပျော်စေပြီး အိပ်ရေး ကွာလတီပိုကောင်းစေပါတယ်…
✔️ ဝက်ခြံထွက်တာ, အကောင် ကိုက်တာ, အဖုထွက်တာတွေအပေါ်မှာ လိမ်းပေးလိုက်တာတဲ့ ချက်ချင်းသက်သာပါတယ်နော်…( မင်မင်ကတော့ ဂွမ်းတံလေးနဲ့ တို့ပြီးလိမ်းပေးတာ အဆင်ပြေပါတယ်နော်)
✔️ချွေးပေါက်ကျယ်တဲ့သူတွေအတွက် မနက်ပိုင်းမျက်နာသစ်တဲ့အချိန် ရေနွေးနွေးလေးထဲကို Lavender oil တစ်စက်လောက်ရောပြီး မျက်နာသစ်ပေးပါ, ချွေးပေါက်လေးတွေကျဉ်းသွားတာ သိသာပါတယ်နော်… ( အဆီကို ဒီတိုင်းတစ်မျက်နာလုံး မပွတ်ပါနဲ့နော်, ရေနဲ့ရောပြီးမှ မျက်နာသစ်ပါ)
✔️ အရေပြားပေါ်က ကြက်သီး ကြာဆူးလေးတွေလည်း ပျောက်စေလို့ body lotion ထဲ တစ်စက်လောက်ထည့်လိမ်းရုံနဲ့ ရပါပြီနော်…
⚠️ သတိပြုရန်: 100% pure essential oil တွေက ခန္တာကိုယ်ပေါ်ကို တိုက်ရိုက်မသုံးသင့်ပါနော် ( Carrier oil ခေါ် base oil နဲ့ 10ဆ ၁ဆရောပြီးမှ အရေပြားပေါ်ကို skin care အနေနဲ့လိမ်းပါ)
💥 အဲဒါကြောင့် အပေါ်က 💥 ပြထားတဲ့ သုံးနည်း ၂ မျိုးအတွက်ကို base oil : Lavender oil – 10 : 0.25 ( 1-2 စက်လောက်) အချိုးအတိုင်း ပျော့အောင်လုပ်ပြီးမှ အရေပြားကိုလိမ်းပေးပါနော်…
✨ Base oil အဖြစ် သုံးလို့ရတဲ့ oil လေးတွေကတော့ အခွံမာစေ့ကထုတ်တဲ့ Jojoba oil, Rosehip Oil, Almond oil စတာတွေနဲ့ ရောသုံးလို့ရပါတယ်နော်…
Reviews
There are no reviews yet.